တရားဟောရာကျမ်း 4:30
သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 49:1ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။
Numbers 24:20ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
Deuteronomy 31:17ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
1 Kings 8:46``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။-
Nehemiah 1:9သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ပြီးငါ၏အမိန့်တော်ကိုလိုက်နာကြလျှင် ကမ္ဘာမြေကြီးအစွန်အဖျားသို့ပင်ကွဲလွင့် လျက်နေစေကာမူ သင်တို့ကိုငါ့အားဝတ် ပြုကိုးကွယ်ရန် ရွေးချယ်သတ်မှတ်ထားသည့် ဌာနတော်သို့ပြန်လည်ပို့ဆောင်တော်မူ မည်။''
Jeremiah 7:23သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-