တရားဟောရာကျမ်း 4:47
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 21:33ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။-
Deuteronomy 3:1``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။-
Deuteronomy 29:7ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
Nehemiah 9:22``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။