တရားဟောရာကျမ်း 4:6
သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
Common Language Bible
In The King James Version
In Context
Cross References
1 Kings 4:34ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။
Job 28:28လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
Psalms 19:8ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
Psalms 119:98ကိုယ်တော်ရှင်၏ပညတ်တော်သည် ကွန်တော်မျိုးနှင့်အတူအစဉ်ရှိတော်မူပါ၏။ ပညတ်တော်အားဖြင့်ကွန်တော်မျိုးသည် ရန်သူမားထက်ပညာသာပါ၏။
Proverbs 1:5ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
Proverbs 14:8ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။