တရားဟောရာကျမ်း 5:22
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:19တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
Exodus 31:18ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
Deuteronomy 4:13ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
Deuteronomy 4:36ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
2 Kings 17:37သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-