တရားဟောရာကျမ်း 5:29
သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
30ယခုမိမိတို့တဲအိမ်များသို့ပြန်ကြရန် သူတို့အားပြောလော့။-
Cross References
Deuteronomy 4:2သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-
Deuteronomy 4:40ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
Deuteronomy 6:3အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''
Deuteronomy 6:18သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
Deuteronomy 10:12``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
Deuteronomy 11:1``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။-