တရားဟောရာကျမ်း 5:3
ထာဝရဘုရားသည်ငါတို့၏ဘိုးဘေး တို့နှင့်သာလျှင် ပဋိညာဉ်ပြုသည်မဟုတ်။ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အား လုံးနှင့်လည်းပဋိညာဉ်ပြုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 17:21သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
Deuteronomy 29:10``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
Psalms 105:8ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
Matthew 13:17အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။
Hebrews 8:8သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊ ``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်း ပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။