တရားဟောရာကျမ်း 6:1
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:13``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။
Numbers 36:13ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။
Deuteronomy 4:1ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
Deuteronomy 4:14သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
Deuteronomy 5:31သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
Ezekiel 37:24ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-