The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 7 › တရားဟောရာကျမ်း 7:14

တရားဟောရာကျမ်း 7:14

သင်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထက် ကောင်း​ချီး​မင်္ဂလာ​ပို​၍​ခံ​စား​ရ​လိမ့်​မည်။ သင်​တို့​တွင်​မြုံ​သော​သူ၊ သား​မ​ပေါက်​သော တိရစ္ဆာန်​မ​ရှိ​စေ​ရ။-

Common Language Bible

In The King James Version

Thou shalt be blessed above all people: there shall not be male or female barren among you, or among your cattle.

In Context

13ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-

15ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-

Read all of တရားဟောရာကျမ်း 7

Cross References

Leviticus 26:9ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။-

Deuteronomy 28:4``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။

Deuteronomy 30:9သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

Psalms 115:15ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။

Psalms 147:19ကိုယ်​တော်​သည်​နှုတ်​က​ပတ်​တော်​ကို​မိ​မိ လူ​စု​တော်​အား​လည်း​ကောင်း၊ အ​ထုံး​အ​ဖွဲ့​တော်​နှင့်​ပ​ညတ်​တော်​များ​ကို ဣသ​ရေ​လ​အား​လည်း​ကောင်း​ပေး​အပ်​တော် မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 7:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 7:13တရားဟောရာကျမ်း 7တရားဟောရာကျမ်း 7:15 →