တရားဟောရာကျမ်း 7:15
ထာဝရဘုရားသည်သင်တို့အားရောဂါ ဘေးအမျိုးမျိုးမှကာကွယ်တော်မူလိမ့်မည်။ အီဂျစ်ပြည်တွင်သင်တို့တွေ့မြင်ခဲ့ရသော ရောဂါဆိုးဘေးမသင့်စေရ။ သို့သော်သင် တို့၏ရန်သူဟူသမျှမူကား ရောဂါဆိုး ဘေးသင့်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:26ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
Deuteronomy 28:27အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
Psalms 91:10သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊ သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။