တရားဟောရာကျမ်း 7:4
ထိုသို့ပြုလျှင်သင်တို့သည်သင်တို့၏သား သမီးများအား ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုကိုးကွယ်စေ ကြလိမ့်မည်။ ထိုအခါထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကိုချက်ခြင်းဖျက် ဆီးပစ်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Deuteronomy 4:26ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
Deuteronomy 20:18ထိုသူတို့သည်မိမိတို့၏ကိုးကွယ်မှုဆိုင်ရာ စက်ဆုပ်ဖွယ်သောအလေ့အကျင့်များကို သင် တို့အားသင်ကြားပေးသဖြင့်သင်တို့သည် ထာဝရဘုရားကိုပြစ်မှားလိမ့်မည်။ ထို့ ကြောင့်သူတို့ကိုသတ်ဖြတ်သုတ်သင်ရမည်။
Joshua 22:15သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
Judges 2:20ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။-
Judges 10:6ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-