တရားဟောရာကျမ်း 7:6
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Leviticus 20:26ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
Deuteronomy 14:2ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
Deuteronomy 26:19ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။
1 Samuel 12:22ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
Ezra 9:2ယုဒအမျိုးသားတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ပြုကြသည်ဖြစ်၍ ဘုရားသခင်၏သီးသန့်လူမျိုးတော်သည် ညစ်ညမ်းလေပြီ။ ဤအပြစ်ကိုကူးလွန်ရာ တွင်ခေါင်းဆောင်များနှင့်အရာရှိများသည် အဆိုးဆုံးဖြစ်ပါသည်'' ဟုပြောကြားကြ၏။-