တရားဟောရာကျမ်း 8:19
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍ အခြားသောဘုရားများကိုဆည်း ကပ်ဝတ်ပြုခြင်းမပြုနှင့်။ ထိုသို့ပြုလျှင်သင် တို့သည်မုချပျက်စီးဆုံးပါးရမည်ဖြစ် ကြောင်း သင်တို့အားငါယနေ့သတိပေး၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 11:16သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
Deuteronomy 29:25အဖြေသည်ကား`ထာဝရဘုရားသည် သူ တို့၏ဘိုးဘေးတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောအခါ၌ သူတို့ဘိုးဘေး တို့နှင့်ပြုသောပဋိညာဉ်ကိုသူတို့ချိုး ဖောက်သောကြောင့်ဖြစ်၏။-
Joshua 23:13သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
Daniel 9:2သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
Zephaniah 1:18ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
Luke 12:47``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။-