The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 9 › တရားဟောရာကျမ်း 9:10

တရားဟောရာကျမ်း 9:10

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-

Common Language Bible

In The King James Version

And the LORD delivered unto me two tables of stone written with the finger of God; and on them was written according to all the words, which the LORD spake with you in the mount out of the midst of the fire in the day of the assembly.

In Context

9ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-

11ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''

Read all of တရားဟောရာကျမ်း 9

Cross References

Exodus 20:1ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

Deuteronomy 4:10သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''

Deuteronomy 4:13ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-

Deuteronomy 5:6``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'

Deuteronomy 18:16``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

Luke 11:20သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။''

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 9:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 9:9တရားဟောရာကျမ်း 9တရားဟောရာကျမ်း 9:11 →