တရားဟောရာကျမ်း 9:24
သင်တို့သည်ငါစတင်သိကျွမ်းသည့်အချိန်မှ စ၍ ယနေ့အထိထာဝရဘုရားကိုပုန်ကန် ခဲ့ကြ၏။''
Common Language Bible
In The King James Version
Ye have been rebellious against the LORD from the day that I knew you.
In Context
Cross References
Numbers 32:14ဘိုးဘေးတို့၏ဒုစရိုက်မျိုးကိုကူးလွန် သောအားဖြင့် ယခုသင်တို့သည်ဒုစရိုက် ပြုသောမျိုးဆက်သစ်ဖြစ်လာကြ၏။ သို့ ဖြစ်၍သင်တို့သည်ထာဝရဘုရား၏ပြင်း ထန်သောအမျက်တော်ကို ဣသရေလ အမျိုးသားတို့အပေါ်သို့တစ်ဖန်ကျ ရောက်စေရန်ပြုကျင့်နေကြပါသည် တကား။-
Deuteronomy 31:27သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
Jeremiah 4:17သူတို့သည်လယ်စောင့်ကင်းသမားများကဲ့သို့ ထိုမြို့တို့ကိုဝိုင်းရံထားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ယုဒပြည်သည် ထာဝရဘုရား အားပုန်ကန်သောကြောင့်ဖြစ်၏။ ဤကားထာဝရ ဘုရားမြွက်ဟတော်မူသောစကားပင်တည်း။
Acts 7:51``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-