Ecclesiastes 10:3
မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
Common Language Bible
In The King James Version
In Context
2ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
4မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
Cross References
Proverbs 13:16သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
Proverbs 18:6မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
1 Peter 4:4ယခုမှာမူသင်တို့သည်မယုံကြည်သူတို့ နှင့်အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ ကမ်းမဲ့သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင် ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြ လျက်သင်တို့ကိုစော်ကားပြောဆိုကြ၏။-