Ecclesiastes 2:8
ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 19:35အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။-
1 Kings 9:28သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။
1 Kings 10:14နှစ်စဉ်နှစ်တိုင်းရှောလမုန်သည်ရွှေချိန်နှစ်ဆယ့် ငါးတန်ရရှိ၏။-
1 Kings 11:3ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊-
1 Kings 14:27ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။-
1 Chronicles 25:6သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။