The Bible Software
bible.software › Ecclesiastes › Ecclesiastes 3 › Ecclesiastes 3:17

Ecclesiastes 3:17

ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။

Common Language Bible

In The King James Version

I said in mine heart, God shall judge the righteous and the wicked: for there is a time there for every purpose and for every work.

In Context

16ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။

18လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊

Read all of Ecclesiastes 3

Cross References

Genesis 18:25ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။

Ecclesiastes 1:16ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။

Ecclesiastes 3:1ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။

Ecclesiastes 11:9အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။

Jeremiah 29:10``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-

Daniel 12:4ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Ecclesiastes 3:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Ecclesiastes 3:16Ecclesiastes 3Ecclesiastes 3:18 →