Ecclesiastes 5:1
ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 4:3အချိန်အတန်ကြာသောအခါကာဣန သည် အသီးအနှံများကိုထာဝရဘုရား အားပူဇော်ရန်ယူဆောင်ခဲ့၏။-
Exodus 3:5ဘုရားသခင်က``အနီးသို့မချဉ်းကပ်နှင့်။ သင်သည်သန့်ရှင်းသောမြေပေါ်တွင်ရပ်နေ သည်ဖြစ်၍ ခြေနင်းကိုချွတ်လော့။-
Joshua 5:15ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။
1 Samuel 15:21သို့ရာတွင်အကျွန်ုပ်၏လူတို့သည်မိမိတို့ လက်ရအဆူဖြိုးဆုံးသိုးနွားများကိုမ သတ်ဘဲ အရှင်၏ဘုရားသခင်ထာဝရ ဘုရားအားယဇ်ပူဇော်ရန် ဤဂိလဂါလ မြို့သို့ယူဆောင်ခဲ့ကြပါ၏'' ဟုပြန်လည် ဖြေကြား၏။
Job 11:2စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
Psalms 50:8သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။