Ecclesiastes 7:3
ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။
Common Language Bible
In The King James Version
Sorrow is better than laughter: for by the sadness of the countenance the heart is made better.
In Context
Cross References
Psalms 119:67ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
Psalms 126:5မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အား ဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။
Jeremiah 31:8ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
Jeremiah 50:4ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
Daniel 10:2ထိုအခါ၌ငါဒံယေလသည်သီတင်း သုံးပတ်တိုင်တိုင် ဝမ်းနည်းပူဆွေးလျက် နေ၏။-
Zechariah 12:10``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-