Ecclesiastes 9:16
ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 10:15ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
Proverbs 24:5ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
Ecclesiastes 9:18ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။
Mark 6:2ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။-
John 9:24ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
James 2:2အကယ်၍သင်တို့စည်းဝေးရာသို့ဝင်လာ သောလူနှစ်ယောက်အနက် လူတစ်ယောက်က ရွှေလက်စွပ်နှင့်ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ အခြားတစ်ယောက်ကမူ ဆင်းရဲနွမ်းပါးသူဖြစ်သဖြင့် စုတ်ပြတ် သောအဝတ်ကိုဝတ်ဆင်ထားသည်ဆိုအံ့။-