Ephesians 2:16
ခရစ်တော်သည်လက်ဝါးကပ်တိုင်တွင်အသေခံ တော်မူခြင်းဖြင့် သူတို့အချင်းချင်း၏ရန်ကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်အားဖြင့်လူ မျိုးနှစ်စုကိုတစ်စုတည်းဖြစ်စေလျက် ဘုရား သခင်၏ထံတော်သို့ပြန်လည်ပို့ဆောင်တော်မူ၏။-
Common Language Bible
In The King James Version
And that he might reconcile both unto God in one body by the cross, having slain the enmity thereby:
In Context
Cross References
Romans 6:6ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
Romans 8:7ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
Galatians 2:20သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
Colossians 1:20သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။
1 Peter 4:1ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ ရာသင်တို့သည်လည်းကိုယ်တော်၏ခံယူချက် မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယ ဝေဒနာခံပြီးသူသည်အပြစ်ဒုစရိုက်နှင့် ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။-