The Bible Software
bible.software › Ephesians › Ephesians 4 › Ephesians 4:11

Ephesians 4:11

လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-

Common Language Bible

In The King James Version

And he gave some, apostles; and some, prophets; and some, evangelists; and some, pastors and teachers;

In Context

10သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။-

12ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။-

Read all of Ephesians 4

Cross References

2 Chronicles 15:3ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-

Matthew 28:20သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။

Acts 20:28သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-

Romans 10:14သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။-

1 Corinthians 12:28ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-

Ephesians 3:5ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study Ephesians 4:11

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← Ephesians 4:10Ephesians 4Ephesians 4:12 →