Ephesians 4:15
ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။-
Common Language Bible
In The King James Version
But speaking the truth in love, may grow up into him in all things, which is the head, even Christ:
In Context
Cross References
Psalms 32:2မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
Zechariah 8:16သင်တို့ပြုကျင့်သင့်သည့်အမှုများမှာ အချင်းချင်းဟုတ်မှန်ရာကိုပြောဆိုရန် ငြိမ်းချမ်းသာယာရေးအတွက်ဖြောင့်မှန် စွာတရားစီရင်ကြရန်ပင်ဖြစ်ပေသည်။-
John 1:47နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
2 Corinthians 4:2ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
Ephesians 1:22ဘုရားသခင်သည်ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏ခြေဖဝါးတော်အောက်တွင်ချ ထား၍ ကိုယ်တော်အားအသင်းတော်အဖို့ အထွတ်အထိပ်အရှင်သခင်အဖြစ်ဖြင့် ခန့်ထားတော်မူ၏။-
Ephesians 4:25ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-