Ephesians 4:29
ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 5:9ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
Psalms 45:2အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။
Psalms 71:17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
Psalms 73:7သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
Proverbs 10:31ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
Proverbs 15:2ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။