Ephesians 5:2
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Genesis 8:21ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
Leviticus 1:13သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
Leviticus 3:16ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။-
Matthew 20:28လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
John 13:34အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-