Ephesians 6:24
အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။
Common Language Bible
In The King James Version
Grace be with all them that love our Lord Jesus Christ in sincerity. Amen.
In Context
Cross References
Matthew 22:37ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
John 21:15တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။-
2 Corinthians 8:8ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။-
2 Corinthians 13:14သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
2 Timothy 4:22သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
Titus 3:15ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။