bible.software › Esther › Esther 1 › Esther 1:18
Esther 1:18
မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
Common Language Bible
In The King James Version
Likewise shall the ladies of Persia and Media say this day unto all the king’s princes, which have heard of the deed of the queen. Thus shall there arise too much contempt and wrath.
In Context
17အင်ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုး သမီးအပေါင်းသည် မိဖုရားပြုသည့်အမှု ကိုကြားသိလျှင် မိမိတို့ခင်ပွန်းများအား အထင်သေးကြပါလိမ့်မည်။ သူတို့က``ဇေရဇ် မင်းသည်ဝါရှတိမိဖုရားအားအမိန့်ပေး ၍ခေါ်ယူပါသော်လည်း မိဖုရားကအမိန့် တော်ကိုမနာခံပါဟုပြောဆိုကြပါ လိမ့်မည်။-
19အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
Read all of Esther 1
Cross References
1 Kings 11:3ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊-
This Verse In Other Editions
Study Esther 1:18