Esther 1:19
အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 3:28ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
Esther 2:1ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။-
Esther 8:5``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
Daniel 6:8ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
Daniel 6:17ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။-