Esther 1:3
သူသည်နန်းစံတတိယနှစ်၌မိမိ၏မှူးမတ် များနှင့် မင်းအရာရှိအပေါင်းတို့အား စား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးတော် မူ၏။ ထိုပွဲသို့ပေရသိနှင့်မေဒိတပ်မ တော်များ၊ ပြည်နယ်ဘုရင်ခံများနှင့်မှူး မတ်များလည်းတက်ရောက်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 3:15ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
Esther 1:14မင်းကြီးအများဆုံးတိုင်ပင်လေ့ရှိသော သူများမှာ ပေရသိနှင့်မေဒိအမတ်များ ဖြစ်ကြသောကာရှေန၊ ရှေသာ၊ အာဒ မာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန် တို့ဖြစ်ပေသည်။ သူတို့သည်ကားနိုင်ငံတော် တွင်အမြင့်ဆုံးရာထူးများဖြင့်ချီးမြှင့် ခြင်းခံရသူများဖြစ်သတည်း။-
Esther 3:7ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။
Jeremiah 51:11ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
Daniel 5:1တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
Daniel 6:1ဒါရိမင်းသည်မိမိ၏အင်ပါယာနိုင်ငံ တစ်ဝန်းလုံးအုပ်ချုပ်မှုအတွက် ဘုရင်ခံ တစ်ရာ့နှစ်ဆယ်ကိုခန့်ထားရန်ဆုံးဖြတ် တော်မူပြီးလျှင်၊-