bible.software › Esther › Esther 1 › Esther 1:5
Esther 1:5
ထိုနောက်မင်းကြီးသည်ဆင်းရဲချမ်းသာမရွေး၊ ရှုရှန်မြို့တော်သူမြို့တော်သားအပေါင်းတို့ အား စားသောက်ပွဲကြီးကိုတည်ခင်းကျွေးမွေး တော်မူ၏။ ထိုစားသောက်ပွဲကြီးကိုဘုရင့် နန်းတော်ဥယျာဉ်အတွင်း၌ ခုနစ်ရက်ပတ် လုံးကျင်းပတော်မူ၏။-
Common Language Bible
In The King James Version
And when these days were expired, the king made a feast unto all the people that were present in Shushan the palace, both unto great and small, seven days, in the court of the garden of the king’s palace;
In Context
4သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
6ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
Read all of Esther 1
Cross References
2 Chronicles 30:21ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
This Verse In Other Editions
Study Esther 1:5