The Bible Software
bible.software › Esther › Esther 1 › Esther 1:6

Esther 1:6

ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-

Common Language Bible

In The King James Version

Where were white, green, and blue, hangings, fastened with cords of fine linen and purple to silver rings and pillars of marble: the beds were of gold and silver, upon a pavement of red, and blue, and white, and black, marble.

In Context

5ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-

7မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-

Read all of Esther 1

Cross References

Exodus 26:1``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-

Exodus 26:36``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-

Esther 8:15မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-

Amos 2:8ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Esther 1:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Esther 1:5Esther 1Esther 1:7 →