Esther 2:14
သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 21:14ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''
Isaiah 43:1အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
Isaiah 62:4``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။