bible.software › Esther › Esther 2 › Esther 2:8
Esther 2:8
ထိုကြောင့်မင်းကြီးကြေငြာချက်အသစ် အရ အမျိုးသမီးငယ်အမြောက်အမြား ကို ရှုရှန်မြို့သို့ခေါ်ဆောင်လာကြသော အခါဧသတာပါလာခဲ့လေသည်။ သူ့ အားလည်းနန်းတွင်း၌ထားရှိကာမိန်းမ စိုးဟေဂဲ၏လက်သို့ပေးအပ်ကြ၏။-
Common Language Bible
In The King James Version
So it came to pass, when the king’s commandment and his decree was heard, and when many maidens were gathered together unto Shushan the palace, to the custody of Hegai, that Esther was brought also unto the king’s house, to the custody of Hegai, keeper of the women.
In Context
7သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
9ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
Read all of Esther 2
Cross References
Esther 2:3အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
This Verse In Other Editions
Study Esther 2:8