Esther 3:12
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 8:36လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။
Esther 8:2မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။
Esther 8:10မော်ဒကဲသည်ထိုစာတို့ကိုဇေရဇ်မင်း၏ အမည်ဖြင့်ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင်စာပို့လုလင်တို့ အား ဘုရင့်မြင်းဇောင်းမှလျင်မြန်သည့် မြင်းများဖြင့်သွားရောက်ပေးပို့စေ၏။
Daniel 6:8ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
Daniel 6:15ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။