The Bible Software
bible.software › Esther › Esther 3 › Esther 3:8

Esther 3:8

ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-

Common Language Bible

In The King James Version

And Haman said unto king Ahasuerus, There is a certain people scattered abroad and dispersed among the people in all the provinces of thy kingdom; and their laws are diverse from all people; neither keep they the king’s laws: therefore it is not for the king’s profit to suffer them.

In Context

7ဇေ​ရဇ်​မင်း​နန်း​စံ​ဆယ့်​နှစ်​နှစ်​မြောက်၊ နိ​သန် ခေါ်​ပ​ထ​မ​လ​၌​ဟာ​မန်​သည် မိ​မိ​၏​အ​ကြံ အ​စည်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် သင့် လျော်​မည့်​နေ့​ရက်​ကို​ပု​ရ​ဟု​ခေါ်​သော မဲ စ​နစ်​ဖြင့်​ရွေး​ချယ်​စေ​ရာ​အာ​ဒါ​ခေါ်​ဒွါ ဒ​သ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​ကို​ရ​ရှိ​လေ သည်။

9အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။

Read all of Esther 3

Cross References

Leviticus 26:33ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-

Deuteronomy 4:27ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​နိုင်​ငံ​အ​နှံ့ အ​ပြား​တွင်​ကွဲ​လွင့်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထို​နိုင်​ငံ​တွင် သင်​တို့​၏​လူ​ဦး​ရေ​အ​နည်း ငယ်​မျှ​သာ​ကျန်​ကြွင်း​လိမ့်​မည်။-

Deuteronomy 32:26ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။

Ezra 4:12``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-

Nehemiah 1:8ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။-

Ezekiel 6:8``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Esther 3:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Esther 3:7Esther 3Esther 3:9 →