Esther 4:14
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 45:4ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။-
Numbers 23:22ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။
Deuteronomy 32:36ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။
Judges 15:6ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
1 Samuel 17:29ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
Ezra 9:9အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။