bible.software › Esther › Esther 5 › Esther 5:10
Esther 5:10
သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
Common Language Bible
In The King James Version
Nevertheless Haman refrained himself: and when he came home, he sent and called for his friends, and Zeresh his wife.
In Context
9ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
11ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
Read all of Esther 5
Cross References
Genesis 43:30ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
2 Samuel 13:22အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
Ecclesiastes 7:9အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
This Verse In Other Editions
Study Esther 5:10