Esther 5:14
ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 13:3သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
1 Kings 21:7ယေဇဗေလက``အရှင်သည်ဣသရေလဘုရင် ဖြစ်သည်မဟုတ်ပါလော။ အိပ်ယာမှထတော်မူ ၍ရွှင်လန်းစွာစားတော်ခေါ်တော်မူပါ။ နာဗုတ် ၏ဥယျာဉ်ကိုအရှင်၏လက်တော်သို့ကျွန်မ အပ်ပါမည်'' ဟုလျှောက်၏။
2 Chronicles 22:3မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-
Esther 6:4မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
Psalms 7:13သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍ မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။
Psalms 37:14သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။