Esther 6:4
မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Esther 3:8ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
Esther 5:1ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။-
Esther 7:9ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။
Psalms 2:4ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
Proverbs 3:27ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။