Esther 7:10
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Judges 15:7ရှံဆုန်ကဖိလိတ္တိအမျိုးသားတို့အား``သင် တို့သည်ဤသို့ပြုကြသည်ဆိုလျှင် ငါသည် လည်းသင်တို့အားလက်စားမချေရမချင်း နားနေလိမ့်မည်မဟုတ်ကြောင်းငါကျိန်ဆို ၏'' ဟုဆို၍၊-
Esther 8:7ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။-
Esther 9:25သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-
Job 20:8သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
Psalms 37:15သို့ရာတွင်ထိုသူတို့သည်မိမိ၏ဋ္ဌားများဖြင့် ပင်လျှင် ထိုးသတ်ခံကြရလိမ့်မည်။ သူတို့၏လေးများသည်လည်းကျိုးကုန်ကြ လိမ့်မည်။
Proverbs 26:27တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။