Esther 8:10
မော်ဒကဲသည်ထိုစာတို့ကိုဇေရဇ်မင်း၏ အမည်ဖြင့်ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင်စာပို့လုလင်တို့ အား ဘုရင့်မြင်းဇောင်းမှလျင်မြန်သည့် မြင်းများဖြင့်သွားရောက်ပေးပို့စေ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Kings 4:28ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
2 Chronicles 30:6မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
Esther 3:13စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
Ecclesiastes 8:4ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။
Isaiah 66:20``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
Jeremiah 51:21မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊ ရထားနှင့်ရထားထိန်းများကိုလည်းကောင်း ကစဥ့်ကလျားဖြစ်စေခဲ့၏။