Esther 8:11
ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Esther 3:13စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
Esther 9:5ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။
Esther 9:15အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။
Psalms 37:14သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
Psalms 137:8အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။
Isaiah 10:6ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။