Esther 8:3
ထိုနောက်ဧသတာသည်မင်းကြီး၏ခြေ တော်ရင်းတွင်ပျပ်ဝပ်လျက်ငိုယိုကာ ယုဒ အမျိုးသားတို့အားကွပ်မျက်ရန်အတွက် အာဂတ်မှဆင်းသက်သူဟာမန်ကြံစည် ခဲ့သည့်ဘေးအန္တရာယ်ဆိုးကိုတားဆီး ပေးတော်မူရန်တောင်းပန်လေသည်။-
Common Language Bible
In The King James Version
In Context
4မင်းကြီးသည်သူ့အားရွှေရာဇလှံတံ ကိုကမ်းပေးတော်မူသဖြင့် ဧသတာ သည်ထ၍ရပ်ပြီးလျှင်၊-
Cross References
2 Kings 4:27သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။
Esther 7:4ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။
Hosea 12:4သူသည်ကောင်းကင်တမန်နှင့်ရန်ဘက်ပြု ၍အနိုင်ယူခဲ့သည်။ သူသည်ငို၍ကောင်းချီး မင်္ဂလာကိုတောင်းခံ၏။ ဗေသလမြို့တွင် ဘုရားသခင်သည်ယာကုပ်ထံသို့ကြွ လာ၍ဗျာဒိတ်ပေးတော်မူ၏။-