Esther 8:5
``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
Common Language Bible
In The King James Version
In Context
4မင်းကြီးသည်သူ့အားရွှေရာဇလှံတံ ကိုကမ်းပေးတော်မူသဖြင့် ဧသတာ သည်ထ၍ရပ်ပြီးလျှင်၊-
Cross References
Exodus 33:13ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
1 Samuel 20:29ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။
Esther 2:17မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။-
Esther 3:13စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
Esther 7:3မိဖုရားဧသတာက``အရှင်မင်းကြီးကျွန် တော်မသည်စိတ်တော်နှင့်တွေ့၍တောင်းလျှောက် သည်ကိုပေးတော်မူမည်ဆိုပါလျှင် ကျွန်တော် မ၏အသက်နှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့၏အသက်ကိုချမ်းသာပေးတော် မူပါ။-