The Bible Software
bible.software › Esther › Esther 9 › Esther 9:19

Esther 9:19

တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

Common Language Bible

In The King James Version

Therefore the Jews of the villages, that dwelt in the unwalled towns, made the fourteenth day of the month Adar a day of gladness and feasting, and a good day, and of sending portions one to another.

In Context

18ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-

20မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

Read all of Esther 9

Cross References

Deuteronomy 3:5ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-

Deuteronomy 16:11သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-

Nehemiah 8:10ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။

Esther 9:22ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-

Zechariah 2:4ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-

Revelation 11:10ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Esther 9:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Esther 9:18Esther 9Esther 9:20 →