Esther 9:25
သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 25:39ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
Esther 7:5ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။
Esther 9:13ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။-
Psalms 7:17ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။
Psalms 109:17သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
Psalms 141:10ကျွန်တော်မျိုးသည်ဘေးမဲ့လုံခြုံစွာထောင်ချောက်ကို ကျော်သွားနိုင်ပါစေသော။ သူယုတ်မာတို့မူကားမိမိတို့ထောင်ထားသော ထောင်ချောက်ထဲသို့ကျကြပါစေသော။