Esther 9:27
ယုဒအမျိုးသားများသည်မိမိတို့ကိုယ် တိုင်သာမက သားမြေးများနှင့်ယုဒဘာသာ သို့ကူးပြောင်းလာသူများအတွက် ထုံးတမ်းစဉ် လာတစ်ရပ်အနေဖြင့်နှစ်စဉ်နှစ်တိုင်းအချိန် ကျသောအခါ ဆိုခဲ့သောနှစ်ရက်ကိုမော်ဒကဲ ၏ညွှန်ကြားချက်များနှင့်အညီကျင်းပရန် သော်လည်းကောင်း၊-
Common Language Bible
In The King James Version
In Context
Cross References
Numbers 15:15သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊-
Deuteronomy 29:14ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
Judges 11:40ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။
2 Samuel 21:1ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
Esther 9:21နှစ်တိုင်းအာဒါလဆယ့်သုံးရက်နှင့်ဆယ့် လေးရက်နေ့ကို ပျော်ရွှင်ရာနေ့များအဖြစ် ကျင်းပရန်အမှာစာများရေးသားပေး ပို့လိုက်လေသည်။-
Isaiah 2:3သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''