ထွက်မြောက်ရာကျမ်း 1:12
သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
Common Language Bible
In The King James Version
In Context
13ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
Read all of ထွက်မြောက်ရာကျမ်း 1
Cross References
Genesis 46:3ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
Numbers 22:3သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။-
Nehemiah 9:23ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။
Psalms 105:24ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
Proverbs 21:30ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
John 12:19ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။