ထွက်မြောက်ရာကျမ်း 10:23
အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 10
Cross References
Exodus 7:25ထာဝရဘုရားသည်မြစ်ကိုသွေးဖြစ်စေ ပြီးနောက် ခုနစ်ရက်ကြာလေ၏။
Exodus 8:19ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
Exodus 9:4သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
Exodus 14:20အီဂျစ်တပ်နှင့်ဣသရေလတပ်တို့အကြား သို့ရောက်ရှိလေ၏။ မိုးတိမ်တိုင်သည်အီဂျစ် အမျိုးသားတို့ဘက်တွင်အမှောင်ကျစေ၍ ဣသရေလအမျိုးသားတို့ဘက်တွင်မူ အလင်းရောင်ရစေ၏။ သို့ဖြစ်၍ထိုည တစ်ညလုံးတစ်တပ်နှင့်တစ်တပ်မချဉ်း ကပ်နိုင်ကြချေ။
Isaiah 42:16``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
Isaiah 65:13ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-