ထွက်မြောက်ရာကျမ်း 11:10
မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 11
Cross References
Exodus 4:21ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
Exodus 10:20သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
Deuteronomy 2:30``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
Job 9:4ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
Romans 9:22ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။-